Thursday, August 17, 2017

Motorola Smartphone Firmware Flashing Guide

MOTOROLA  PHONE(DEVICES) FIRMWARE FLASHING BY OEM FLASH SOFTWARE
 















Zawgyi Version:

Motorola Firmware Flashing Guide
Motorola Devices(Phones) ေတြကို firmware update လုပ္ျခင္း ၊ restore လုပ္ျခင္း နဲ႔ OS ပ်က္ဆီးၿပီး Boot ျပန္မတက္ႏိုင္ျခင္း ၊ virus ဝင္ျခင္း နဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ Brick ျဖစ္သြားတဲ့အေျခအေနေတြမွာ Signed firmware package ေတြကို Flashing လုပ္ဖို႔လိုအပ္လာၿပီဆိုရင္ 
OEM Flash Software ျဖစ္တဲ့ 
Motorola RSDLite technician tool နဲ႔ အေကာင္းဆံုး Flashing လုပ္ႏိုင္မွာပါ။
အရင္ဆံုးလိုအပ္တဲ့ Tool နဲ႔ Driver ကို 
ဒီေနရာကေန Download ျပဳလုပ္ႏိုင္ပါတယ္…
Official signed firmware ကေတာ့ ႐ွိၿပီးသားလို႔သေဘာထားလိုက္ပါမယ္_
လိုအပ္တာေတြ download ၿပီးၿပီဆိုရင္
အရင္ဆံုး Computer ေပၚမွာ driverကို
 install လုုပ္ေပးပါ ။
Driver install လုပ္ၿပီးၿပီဆိုရင္ OEM Flash Software ျဖစ္တဲ့ RSDLite ကို ကို install လုပ္ေပးပါ ။
Driver ေရာ Tool ေရာ ၂ခုလံုး install လုပ္ၿပီးၿပီဆိုရင္ firmware တင္တဲ့ လုပ္ငန္းကိုစတင္လို႔ရပါၿပီ ။
( ၁ခုႀကိဳေျပာထားခ်င္တာကေတာ့  ဒီေနရာမွာ firmware ျပန္တင္ဖို႔အတြက္ လံုေလာက္တဲ့ျပည့္စံုမႈေတြကို ေဖာ္ျပသြားမွာျဖစ္ေပမယ့္ အရမ္းႀကီးမလိုအပ္တဲ့ သိပ္နက္နက္နဲနဲအထိေတာ့ အေသးစိတ္အက်ယ္မခ်ဲ့ေတာ့ပါဘူး အခုေဖာ္ခ်က္ေတြနဲ႔တင္ ႐ိုး႐ွင္းစြာနဲ႔ျပည့္စံုေနၿပီျဖစ္လို႔ပါ)
စမယ္ဗ်…

Install လုပ္ထားတဲ့ computer ေပၚက RSDLite tool ကို ဖြင့္လိုက္ပါ. RSDLite tool ပြင့္လာၿပီဆိုရင္ Start ရဲ႕ ဘယ္ဘက္ေဘးနားေလးမွာ အစက္ကေလး ၃ ဆို ကို ေတြ႔ရပါလိမ့္မယ္ အဲ့ အစက္ေလးသံုးစက္က က်ေနာ္တို႔ firmware flash file ကိုသြားေရးေပးရမယ့္ browse ပါပဲ (လမ္းေၾကာင္းေရြးေပးရမွာေပါ့) ဆိုေတာ့ အစက္ေလး ၃ စက္ကိုႏွိပ္ၿပီး firmware file ႐ွိတဲ့ေနရာကို အဆင့္ဆင့္သြားေပးပါ firmware file ႐ွိတဲ့ folder ေအာက္ကိုေရာက္ၿပီဆိုရင္ ေနာက္ဆံုးမွာက်ေနာ္တို့ xml file ေလးေတြ႔ပါမယ္ (၁ခုမွတ္ထားေစခ်င္တာက motorola firmware flash file ေတြအကုန္လံုးက xml နဲ႔လာတာမဟုတ္ပါဘူး ဒါမယ့္ မ်ားေသာအားျဖင့္ေတာ့ xml နဲ႔ပဲ လာပါတယ္ ယခုေဖာ္ျပခ်က္ကိုလည္း xml နဲ႔ပဲ ေဖာ္ျပထားပါတယ္)
xml file ေတြ႔ၿပီဆိုရင္ flash_all.xml ကိုေရြးေပးပါ
[hw_flash.xml ကိုေရြးလည္းရပါတယ္]
ေရြးျပီးျပီဆိုရင္ေတာ့ computer(RSDLite tool)မွာ ျပင္ဆင္လို့ျပီးပါျပီ ။
#က်ေနာ္တို့ device(phone)  ကို fastboot mode ၀င္ျပီးေရးရမွာပါ…
device ကို fastboot mode ၀င္ဖို့_
#combination key နဲ႔ ၀င္မယ္ဆိုရင္ power off လိုက္ပါ
volume down + power(volume down keyနဲ႔ power key) တြဲနွိပ္ပါ 
volume up နဲ႔လည္းရပါတယ္. 
ဒါက power off ထားတဲ႔အေနအထားကေနေပါ့… {အကယ္၍ power on ထားတဲ႔ အေနအထား adb mode ကေန command နဲ႔ fastboot ၀င္ခ်င္တယ္ ဆိုရင္ေတာ့ adb devices ဆိုျပီး device သိမသိိစစ္ျပီး adb reboot bootloader ဆိုျပီး၀င္နိုင္ပါတယ္)
*က်ေနာ္ ကေတာ့ ဘာမွတြဲမနွိပ္ဘူး volume down နွိပ္ျပီး ျကိုးထိုးလိုက္တာပဲ*
"Boot mode selection menu" ကိုေရာက္ျပီဆိုရင္ computer နဲ႔ USB Data Cable ခ်ိတ္လိုက္ပါ
detect သိတယ္ ဆိုရင္ RSDLite tool ေပါ္မွာ connected ဆိုျပီးေပါ္လိမ့္မယ္ Ok! အဲဒါဆိုရင္ RSDLite tool ေပါ္က startကိုနွိပ္လိုက္ေတာ့
သူ့ဟာသူ ေရးျပီး reboot က်သြားလိမ့္မယ္…
၁ခုရွိတာက region မကိုက္ရင္ျဖစ္ျဖစ္ bootloader unlock လုပ္ထားရင္ျဖစ္ျဖစ္ ျပီးကာနီး modem file flash တဲ႔အခ်ိန္မွာ failed တတ္ပါတယ္ စိတ္မပူပါနဲ့ ကိစၥမရွိဘူး ျကိုးျဖုတ္ျပီး power on ေပးလိုက္ေတာ့ ျပီးျပီ ။ 
NOTE။    ။ ပံုမွန္အားျဖင့္ "Boot mode selection menu" ေရာက္ျပီဆိုတာနဲ႔ fastboot detect သိျပီဗ် ၁ကယ္လို့မ်ား မသိခဲ႔လို့ရွိရင္ "Boot mode selection menu" ကေန AP Fastboot ကို volume key သံုးျပီးေရြးေပးပါ 
Motorola RSDLite Technician Tool flashing ၁ခုထဲ လုပ္လို့ရတာလားဆို မဟုတ္ဘူးေနာ္ က်န္တာေတြအမ်ားျကီးလုပ္လို့ ရတယ္ rooting. bootloader.custom rom. custom recovery.
bricking စတာေတြ…
ဟုတ္ကဲ႔ဗ် အားလံုးပဲ ကိုယ္
စိတ္ႏွလံုး က်န္းမာေပ်ာ္ရႊင္ျကပါေစ… ###
Unicode Version:
Motorola Firmware Flash Guide
Motorola Devices(Phones) တွေကို firmware update လုပ်ခြင်း ၊ restore လုပ်ခြင်း နဲ့ OS ပျက်ဆီးပြီး Boot ပြန်မတက်နိုင်ခြင်း ၊ virus ဝင်ခြင်း နဲ့ အကြောင်းအမျိုးမျိုးကြောင့် Brick ဖြစ်သွားတဲ့အခြေအနေတွေမှာ Signed firmware package တွေကို Flashing လုပ်ဖို့လိုအပ်လာပြီဆိုရင် 
OEM Flash Software ဖြစ်တဲ့ 
Motorola RSDLite technician tool နဲ့ အကောင်းဆုံး Flashing လုပ်နိုင်မှာပါ။
အရင်ဆုံးလိုအပ်တဲ့ Tool နဲ့ Driver ကို 
ဒီနေရာကနေ Download ပြုလုပ်နိုင်ပါတယ်…
Official signed firmware ကတော့ ရှိပြီးသားလို့သဘောထားလိုက်ပါမယ်_
လိုအပ်တာတွေ download ပြီးပြီဆိုရင်
အရင်ဆုံး Computer ပေါ်မှာ driverကို
 install လုပ်ပေးပါ ။
Driver install လုပ်ပြီးပြီဆိုရင် OEM Flash Software ဖြစ်တဲ့ RSDLite ကို ကို install လုပ်ပေးပါ ။
Driver ရော Tool ရော ၂ခုလုံး install လုပ်ပြီးပြီဆိုရင် firmware တင်တဲ့ လုပ်ငန်းကိုစတင်လို့ရပါပြီ ။
( ၁ခုကြိုပြောထားချင်တာကတော့  ဒီနေရာမှာ firmware ပြန်တင်ဖို့အတွက် လုံလောက်တဲ့ပြည့်စုံမှုတွေကို ဖော်ပြသွားမှာဖြစ်ပေမယ့် အရမ်းကြီးမလိုအပ်တဲ့ သိပ်နက်နက်နဲနဲအထိတော့ အသေးစိတ်အကျယ်မချဲ့တော့ပါဘူး အခုဖော်ချက်တွေနဲ့တင် ရိုးရှင်းစွာနဲ့ပြည့်စုံနေပြီဖြစ်လို့ပါ)
စမယ်ဗျ…
Install လုပ်ထားတဲ့ computer ပေါ်က RSDLite tool ကို ဖွင့်လိုက်ပါ. RSDLite tool ပွင့်လာပြီဆိုရင် Start ရဲ့ ဘယ်ဘက်ဘေးနားလေးမှာ အစက်ကလေး ၃ ဆို ကို တွေ့ရပါလိမ့်မယ် အဲ့ အစက်လေးသုံးစက်က ကျနော်တို့ firmware flash file ကိုသွားရေးပေးရမယ့် browse ပါပဲ (လမ်းကြောင်းရွေးပေးရမှာပေါ့) ဆိုတော့ အစက်လေး ၃ စက်ကိုနှိပ်ပြီး firmware file ရှိတဲ့နေရာကို အဆင့်ဆင့်သွားပေးပါ firmware file ရှိတဲ့ folder အောက်ကိုရောက်ပြီဆိုရင် နောက်ဆုံးမှာကျနော်တို့ xml file လေးတွေ့ပါမယ် (၁ခုမှတ်ထားစေချင်တာက motorola firmware flash file တွေအကုန်လုံးက xml နဲ့လာတာမဟုတ်ပါဘူး ဒါမယ့် များသောအားဖြင့်တော့ xml နဲ့ပဲ လာပါတယ် ယခုဖော်ပြချက်ကိုလည်း xml နဲ့ပဲ ဖော်ပြထားပါတယ်)
xml file တွေ့ပြီဆိုရင် flash_all.xml ကိုရွေးပေးပါ
[hw_flash.xml ကိုရွေးလည်းရပါတယ်]
ရွေးပြီးပြီဆိုရင်တော့ computer(RSDLite tool)မှာ ပြင်ဆင်လို့ပြီးပါပြီ ။
#ကျနော်တို့ device(phone)  ကို fastboot mode ဝင်ပြီးရေးရမှာပါ…
device ကို fastboot mode ဝင်ဖို့_
#combination key နဲ့ ဝင်မယ်ဆိုရင် power off လိုက်ပါ
volume down + power(volume down keyနဲ့ power key) တွဲနှိပ်ပါ 
volume up နဲ့လည်းရပါတယ်. 
ဒါက power off ထားတဲ့အနေအထားကနေပေါ့… {အကယ်၍ power on ထားတဲ့ အနေအထား adb mode ကနေ command နဲ့ fastboot ဝင်ချင်တယ် ဆိုရင်တော့ adb devices ဆိုပြီး device သိမသိစစ်ပြီး adb reboot bootloader ဆိုပြီးဝင်နိုင်ပါတယ်)
*ကျနော် ကတော့ ဘာမှတွဲမနှိပ်ဘူး volume down နှိပ်ပြီး ကြိုးထိုးလိုက်တာပဲ*
"Boot mode selection menu" ကိုရောက်ပြီဆိုရင် computer နဲ့ USB Data Cable ချိတ်လိုက်ပါ
detect သိတယ် ဆိုရင် RSDLite tool ပေါ်မှာ connected ဆိုပြီးပေါ်လိမ့်မယ် Ok! အဲဒါဆိုရင် RSDLite tool ပေါ်က startကိုနှိပ်လိုက်တော့
သူ့ဟာသူ ရေးပြီး reboot ကျသွားလိမ့်မယ်…
၁ခုရှိတာက region မကိုက်ရင်ဖြစ်ဖြစ် bootloader unlock လုပ်ထားရင်ဖြစ်ဖြစ် ပြီးကာနီး modem file flash တဲ့အချိန်မှာ failed တတ်ပါတယ် စိတ်မပူပါနဲ့ ကိစ္စမရှိဘူး ကြိုးဖြုတ်ပြီး power on ပေးလိုက်တော့ ပြီးပြီ ။ 
NOTE။    ။ ပုံမှန်အားဖြင့် "Boot mode selection menu" ရောက်ပြီဆိုတာနဲ့ fastboot detect သိပြီဗျ ၁ကယ်လို့များ မသိခဲ့လို့ရှိရင် "Boot mode selection menu" ကနေ AP Fastboot ကို volume key သုံးပြီးရွေးပေးပါ 
Motorola RSDLite Technician Tool flashing ၁ခုထဲ လုပ်လို့ရတာလားဆို မဟုတ်ဘူးနော် ကျန်တာတွေအများကြီးလုပ်လို့ ရတယ် rooting. bootloader.custom rom. custom recovery.
bricking စတာတွေ…
ဟုတ်ကဲ့ဗျ အားလုံးပဲ ကိုယ်

စိတ်နှလုံး ကျန်းမာပျော်ရွှင်ကြပါစေ… ###





Tuesday, August 8, 2017

Download Firmwares (Short Cut LINK)

Coolpad 7060S Stock Firmware (flash file) 

Link:Click me

Coolpad 7251 sd card firmware
Link:Click me

Download Samsung GT-I9082 Stock Firmware (flash file)

Link:Click me

Download Zenfone6 1.17.40.16_20140(raw firmware) fastboot_user
Link:Click me

Asus Flash Tool All Version and Update Firmware
Link:Go to site

ဒါကက်ေနာ့ ကိုယ္ပိုင္ Upload firmware မ်ားမဟုတ္ပါေျကာင္း Owner ေတြရဲ႕
download link ကိုသာ direct ခ်ိတ္ထားျခင္းျဖစ္ပါတယ္
file OWNER ေတြကို Credit ေပးပါတယ္ဗ်

Meizu Flyme Account Retrieve Password(Reset password)

Zawgyi Version: Meizu Flyme Account Reset Password Meizu Device(Phone) ေတြမွာ Meizu account ထည့္ျပီး Password မသိေတာ့ရင္ ဘာေတြျဖစ္န...